Thursday, April 15, 2010

အတာသင်္ကြန် အတက်နေ့ လည်ပတ် သူများ ဖြင့် ပြန်လည် စည်ကား

Summary


(ယမန်နေ့ က ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူများကို ၀မ်းနည်းသည့် အထိမ်းအမှတ်အဖြစ် လည်ပတ်သူများမှာ အနက်ရောင် ဖက်ရှင်များ ဆင်မြန်းထားကြသည်)
ယမန်နေ့ က ဗုံးပေါက်ကွဲမှု ကြောင့် လူနှစ်ဆယ်ကျော်သေဆုံးပြီး တစ်ရာကျော် ဒဏ်ရာပြင်းထန်စွာ ရရှိသော် လည်း ယနေ့  သင်္ကြန် နောက်ဆုံးနေ့ ဖြစ်သည့် အတက်နေ့ တွင် လည်ပတ်သူများဖြင့် ပြန်လည်စည်ကားလာသည် ဟု သိရသည်။မဏ္ဍပ်တွင် ရေပက်သူများ မှာ နည်းပါးသွားပြီး ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်များတွင် ရေပက်သူများ ယနေ့ မနက် ၁၀း၁၅ နာရီ အထိ လာရောက်မှု လွန်စွာ နည်းပါးသည် ။

ရန်ကုန် မြို့ စမ်းချောင်း မြို့ နယ်မှ သင်္ကြန် လည်ပတ်သူ တစ်ဦးက ကျွန်တော် တို့ က ကားငှားထားတာနဲ့ တန်အောင် ထွက်တာ နဲနဲ တော့ ခြောက်ခြောက် သွေ့ သွေ့ ကြီး ကန်တော်ကြီး စောင်းမှာ ဟိုနေ့ တွေ ကလောက် မစည် ဘူး ။ မနေ့ က ဗုံးကွဲ လို့ ဘယ်သူမှ မလာရဲ ဘူး။ တစ်ချို့ လဲ အိမ်က ပေးမလွှတ်တော့ ဘူး ဟု Freedom News Group သို့ ပြောသည်။

ယခင်နေ့ များ က ကန်ပတ်လမ်းတွင် အရက်၊ဘီယာ ၊စီးကရက် ရောင်းချသူ များ အား ရဲ နှင့် လုံခြုံရေးအဖွဲ့ ဝင်များက ယနေ့ ရောင်းချ ခွင့် မပေးတော့ ဟု သိရသည်။
http://freedomnewsgroup.com/2010/04/16/%E1%80%A1%E1%80%90%E1%80%AC%E1%80%9E%E1%82%80%E1%80%80%E1%81%A4%E1%80%94%E1%80%B9-%E1%80%A1%E1%80%90%E1%80%80%E1%80%B9%E1%80%B1%E1%80%94-%E1%80%B7%E1%80%9C%E1%80%8A%E1%80%B9%E1%80%95%E1%80%90%E1%80%B9/#more-8731

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်